Main menu

တောင်ကိုရီးယားနိုင်ငံ၏ လုပ်အားခသည် ဇွန်လတွင် စတုတ္ထအကြိမ်မြင့်တက်

Powered by Drupal

             တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ချိန်ညှိထားသော အမှန်တကယ်လုပ်အားခသည် ဇွန်လတွင် စတုတ္ထအကြိမ်အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ကြောင်း အလုပ်သမား ဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

          ပုံမှန်ဝန်ထမ်းတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လုပ်ငန်းများတွင် တစ်ဦးချင်း၏ ပျမ်းမျှလုပ်ခသည် ယခင်လက ၂.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ဇွန်လတွင် ယခင်နှစ်ကထက် ၂.၈ ရာခိုင်နှုန်း တိုးတက်လာကာ ဝမ် ၃၉၇၁၀၀၀ (အမေရိကန်ဒေါ်လာ ၂၈၆၀) သို့ ရောက်ရှိခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

          အမှန်တကယ် လစဉ်လုပ်အားခ (real monthly wage) သည် မတ်လတွင် ၁.၁ ရာခိုင်နှုန်း၊ ဧပြီလတွင် ၀.၆ ရာခိုင်နှုန်း၊ မေလတွင် ၀.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ဇွန်လတွင် ယခင်နှစ်က ထက် ၀.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)