
Dutch-Bangla Bank သည် ဒါကာ၏ Motijheel တွင် tk ၁၀၁၆ ကုဋေခန့် တန်ကြေးရှိသော အဆောက်အဦးအား ၎င်းတို့၏ ရုံးချုပ်ဖွင့်လှစ်ရန်အတွက် ဝယ်ယူရန်ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရပါသည်။ အဆိုပါဘဏ်၏ ဘတ်အဖွဲ့သည် သြဂုတ်လ ၂၆ ရက်နေ့တွင်ကျင်းပသော အစည်းအဝေးပွဲတွင် အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း ဒါကာစတော့လဲလှယ်ရေးအဖွဲ့ အစည်း (DAE) ၏ ထုတ်ဖော်ချက်များအရ သိရပါသည်။ အဆိုပါဘဏ်သည် Motijheel စီးပွားရေး ဧရိယာ ၄၇ ခုတွင် ကူးသန်းရောင်းဝယ်ရေးအဆောက်အဦး ၂၁.၅ ထပ်ကိုဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် စုစုပေါင်းဧရိယာအကျယ်အဝန်း ၂၀၇၃၄၀ စတုရန်းပေခန့် ကျယ်ဝန်းကြောင်း သိရပါသည်။ ၁၇၆၃၀၀ စတုရန်းပေသည် မြေညီထပ်ဖြစ်ပြီး ၃၁၀၄၀ စတုရန်းပေသည် မြေအောက်ခန်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါဘဏ်သည် စီမံကိန်းကို ဘင်္ဂလားဒေ့ရှ်ဘဏ်မှ လိုအပ်သော ခွင့်ပြုမိန့်များထုတ်ပြန်မှုရရှိအပြီးတွင် စတင်မည်ဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် Dutch-Bangla ဘဏ်၏ ရှယ်ယာများသည် ယခင်နေ့ထက် ၁ ရာခိုင်နှုန်း tk ၄၁.၅၀ ခန့် ကျဆင်းသွာကြောင်း DSE ၏ ဖော်ပြန်ချက်များအရ သိရပါသည်။ အဆိုပါဘဏ်၏ ရန်ပုံငွေသည် tk ၄၂၀၀ ကုဋေခန့်ရှိပြီး ၎င်း၏ရှင်းပြီးသော မတည်ငွေသည် tk ၉၆၆ ကုဋေ ခန့်ရှိကြောင်း DSE မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရှိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)