
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၂၉.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေူနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းတွင် ဆန်၊ စားအုန်းဆီ၊ကြက်ဉတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။
ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန်တစ်ပြည်ကို (၂၀၀၀)ကျပ်၊ ဆီတစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)