Main menu

အောက်တိုဘာလနှင့် နိုဝင်ဘာလရောင်းချရန်အတွက် အာလူးတန်ချိန် ၅၀၀၀၀တန်ခန့် ဝယ်ယူတော့မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ

Powered by Drupal

          ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံကြားဖြတ်အစိုးရသည် စျေးနှုန်းကျဆင်းနေချိန်ကြားတွင် လယ်သမားများ၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် အာလူးတန်ချိန် ၅၀၀၀၀ တန်ခန့် ဝယ်ယူမည်ဟု ဆုံးဖြတ်လိုက်ကြောင်း သိရပါသည်။ အဆိုပါဝယ်ယူမည့် အာလူးများကို အအေးခန်းထဲတွင် သိုလှောင်ထားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ရောင်းချသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ထပ်ပေါင်းအနေဖြင့် အစိုးရသည် အာလူးတစ်ကီလိုလျှင် TK ၂၂ ဖြင့် ရောင်းချသွားမည်ဟု သတ်မှတ်ထားကြောင်း သိရပါသည်။ အာလူးစိုက်သူများကို ယခုလာမည့်ရာသီတွင် ထောက်ပံ့သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါသည်။ အာလူးစျေးနှုန်းများသည် စိုက်ပျိုးရေးကုန်ကျစရိတ်များထက်ပိုမိုမြင့်မားနေသောကြောင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းရေးမှူးက ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အတွင်းရေးမှူးများ ပါဝင်သော ကော်မတီကို လယ်သမားများ၏ စိုက်ပျိုးရေးကိစ္စရပ်များနှင့် အသက်မွေးဝမ်းကျောင်း အဆင်‌ပြေစေရေးကို ကာကွယ်ရန်အတွက် ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါအဖွဲ့သည် ရာသီအတွင်း ထုတ်လုပ်ခဲ့သော အာလူးစျေးနှုန်းများသင့်တော်စေရေးအတွက် အာမခံပေးသော ရည်ညွှန်းစျေးများကို ထုတ်ပြန်ရန် နှင့် ရောင်းဝယ်မှု ပမာဏကို အဆုံးသတ်ရန်အတွက် တာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါသည်။ ရာသီအစပိုင်းတွင် လယ်သမားများသည် ၎င်းတို့၏ အာလူးများကို အစိုးရက သတ်မှတ်ထားသော တစ်ကီလိုလျှင် Tk ၁၄ နှုန်းထက် တစ်ကီလိုလျှင် tk ၁၁ဖြင့်သာရောင်းချရန် တွန်းအားပေးဝယ်ယူမှုကို ကုန်သည်များဆီမှ ခံခဲ့ရကြောင်း သိရပါသည်။ ထို့အပြင် အချို့သော မြောက်ပိုင်းဒေသများတွင် အာလူးတစ်ကီလိုအတွက် ကုန်ကျစရိတ်သည် tk ၂၀ ခန့် ကျကြောင်း DAE မှထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တစ်နှစ်လျှင် အာလူးတန်ချိန် ၁.၁၅ ကုဋေခန့် ထုတ်လုပ်လျက်ရှိပြီး ယခင်ရိတ်သိမ်းရာသီထက်ပိုမိုမြင့်မားကာ သမိုင်းတစ်လျှောက်အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စာရင်းအင်းဗျူရို (BBS) ၏ ခန့်မှန်းခြေများအရ သိရပါသည်။ ၂၀၂၄-၂၀၅ ဘဏ္ဍာနှစ်တွင် လယ်သမားများသည် သစ်ဥသစ်ဖုများကို ဟက်တာ ၄.၉၂ သိန်းခန့် စိုက်ပျိုးခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: The Daily Star

DOCA(ရန်ကုန်)