Main menu

ADB နှင့် Sun Pacific Energy Ltd တို့သည် Samoa တွင် နေရောင်ခြည်စွမ်းအင် မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂.၈ သန်း သဘောတူညီချက် လက်မှတ်ရေးထိုး

Powered by Drupal

             အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဓာတ်အားပေးထုတ်လုပ်သူ Sun Pacific Energy Ltd (SPEL) တို့သည် Samoa တွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်နိုင်မှု တိုးမြှင့်ရေးအတွက် အမေရိကန်ဒေါ်လာ ၂.၈ သန်း ချေးငွေ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

            ADB မှ ချေးငွေအား SPEL ၏ လက်ရှိ Upolu Solar Farm ကို အဆင့်မြှင့်တင်ရန်နှင့် တိုးချဲ့ရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်က ADB မှ ပြောကြားခဲ့သည်။ တိုးချဲ့ မှုအသစ်သည် တစ်နှစ်လျှင် သန့်ရှင်းသောစွမ်းအင် ၉.၆ ဂစ်ဂါဝပ်နာရီ ထုတ်လုပ်နိုင်ပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၁၉၄၄ တန်ကို လျှော့ချရန် မျှော်လင့်ထားကြောင်း မနီလာ အခြေစိုက်ဘဏ်က သတင်းထုတ်ပြန်ချက်အရသိရသည်။ ထုတ်လုပ်သော ဓာတ်အားသည် စီးပွား ရေးလုပ်ဆောင်မှု၊ စီးပွားဖြစ်စက်မှုလုပ်ငန်းများနှင့် လူနေအိမ်ရာများအား အကျိုးပြုနိုင်မည်ဟု ယုံ ကြည်ထားပြီး ရေရှည်တည်တံ့သော လျှပ်စစ်ဓာတ်အား ပေးဝေမှုကို ပံ့ပိုးပေးနိုင်မည်ဖြစ် ကြောင်း ADB ၏ ပစိဖိတ်ဒေသခွဲရုံး၏ ဒေသဆိုင်ရာ ဒါရိုက်တာ Aaron Batten က ပြောကြားခဲ့သည်။

           SPEL သည် Samoa ၏ ပထမဆုံးသော အမှီအခိုကင်းသော ဓာတ်အားထုတ်လုပ်သူဖြစ်ပြီး အစိုးရပိုင်နိုင်ငံတွင်း အသုံးဝင်သည့် လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းနှင့် အနှစ် ၂၀ ဓာတ်အား ဝယ်ယူရန် သဘောတူညီချက်တစ်ခုပြုလုပ်ထားကြောင်းလည်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)