Main menu

မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားကျင်းပ

Powered by Drupal

           (၂၅.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာ သွင်းအားစုပေးအပ်ခြင်း အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဉီးထူးကျော်၊ မြို့နယ်ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချ ရေးကော်မတီဝင်များဖြစ် ကြသည့်မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန၊ မြေစာရင်းဉီးစီးဌာန၊ မြို့နယ် သမဝါယမဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စပါးစိုက်တောင်သူများ စုစုပေါင်း အင်အား(၇၀)ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထူးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဦးထွေးအောင်က ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း တက်ရောက်လာကြသည့် တောင်သူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး မြို့နယ် ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ဝင်များမှ တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာများရောင်းချပေး အပ်ခဲ့ရာ အခမ်းအနားကို နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)