Main menu

CRF သည် ဆန်တင်ပို့မှု မြှင့်တင်ရန် လမ်းပြမြေပုံကို ထုတ်ပြန်ခဲ့

Powered by Drupal

            ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအသင်းချုပ် (CRF) သည် ဆန်စပါးတင်ပို့မှု တိုးမြှင့်ရန်၊ ကမ္ဘာ့စျေးကွက်ချဲ့ထွင်ရန်နှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်ရည်ရွယ်သည့် ငါးနှစ်လမ်းပြမြေပုံကို ၂၆-၈-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ “ကမ္ဘောဒီးယား ဆန်စပါးဈေးကွက် တိုးချဲ့ရေးနှင့် ပို့ကုန် ကွဲပြားစေရေး မဟာဗျူဟာ ၂၀၂၅-၂၀၃၀” ၏ တရားဝင် မိတ်ဆက်ပွဲကို  CRF ၏ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ Song Saran က ဆန်စပါး ကဏ္ဍအတွက် စည်းရုံးလှုံ့ဆော်ရေး၊ မူဝါဒရေးရာ ဆွေးနွေးမှုများ လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ အဖွဲ့ချုပ်ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း၊ စက်မှုလုပ်ငန်း တိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အစိုးရအေဂျင်စီများနှင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာစျေးကွက်ချဲ့ထွင်ရန် ဆန်စပါးကဏ္ဍကို မြှင့်တင်ရာတွင် ပံ့ပိုးပေးခဲ့သည့် MoC ၏ ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင်ကြောင်း Saran မှ ပြောကြားခဲ့ပြီး၊ တော်ဝင်အစိုးရ၏ လမ်းညွှန်မှုအောက်တွင် CRF ၏ ဦးစားပေးခြောက်ခုကို အလေးပေးဖော်ပြခဲ့ပြီး ပို့ကုန်၊ စိုက်ပျိုးမှု၊ ကျေးလက်ဒေသများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ စျေးကွက်ချဲ့ထွင်မှု၊ ပြပွဲများနှင့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် ကမ္ဘောဒီးယားဆန်ကဏ္ဍကို အားကောင်းလာစေရေး ဆန်စပါးအဖွဲ့ချုပ်၏ ကတိကဝတ်များကို အလေးပေးပြောကြားခဲ့သည်။

 

Source: Khmer Times

DOCA(ရန်ကုန်)