Main menu

အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီး မှူးရုံး အနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ဝယ်ယူနိုင်ရအတွက်  အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခြင်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် ဩဂုတ်လ(၂၃) ရက်နေ့တွင် စားသုံးသူရေးရဦးစီး ဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးမှ ဦးဆောင်၍ ပူးပေါင်းဌာနများဖြစ်သည့် ခရိုင်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် စိုးမိသားစု စားသောက်ဆိုင်သို့ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် အစားအသောက်ချက်ပြုတ်သူများ၊ အစားအသောက်ဝန်ဆောင်မှု ပေးသူ များ၏ ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်ချက်ပြုတ်ရာနေရာများ သန့်ရှင်းမှု ရှိ/မရှိနှင့် အစားအသောက်ချက်ပြုတ်ရာတွင် ပါဝင်သည့် ဟင်းသီးဟင်းရွက်၊ အသား/ငါး စသည်များ ထားသိုသိမ်းဆည်းရာနေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ ပါဝင်ပစ္စည်းများ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ စသည်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အား အစားအသောက်ရောင်းချရာ တွင် အဓိကသန့်ရှင်းသပ်ရပ်မှုရှိစေရေးမှာ အဓိကကျသည့်အတွက်သန့်ရှင်းကောင်းမွန်သော စားသောက် ဆိုင်ဖြစ်အောင် ဂရုစိုက်ကြရန်နှင့် အစားအသောက်များ၏ အမျိုး အစား၊ အရွယ်အစား၊ ပမာဏအလိုက် ဈေးနှုန်းများအား သိသာထင်ရှားစွာဖော်ပြထားရှိရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)