Main menu

ဈေးကွက်မရောက်မီ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

               (၂၆.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် ဇေကမ္ဘာဝင်းအတွင်း ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Designer Water စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရန်ကုန်စက်မှုဇုန်(၅)မှ ဇုန်ကော်မတီဥက္ကဌ ဦးကျော်လွင်၊ စည်ပင်သာယာရေးကော်မတီမှ  ဦးကျော်သူရ၊ အကြီးတန်းစာရေးတို့ပူးပေါင်းပါဝင်လျက် အမှတ် (၂၁၇/၂၂၂) ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်ရှိ Designer Water စက်ရုံသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူက Designer Water နှင့် Speed အားဖြည့်အချိုရည်တို့ကို ထုတ်လုပ်ပါကြောင်း၊ ဒေသအသီးသီးသို့ဖြန့်ဖြူးရောင်းချ လျက်ရှိပါကြောင်း၊ ပစ္စည်းများကိုလည်း ဌာနဆိုင်ရာအသီးသီးမှ စံချိန်စံညွှန်းသတ်မှတ်ထားသည့်အတိုင်းဆောင်ရွက်ထားပါကြောင်း သက်ဆိုင်ရာအစိုးရဌာနများနှင့် ကုန်အညွှန်းအမှတ်အသားများကိုလည်း မြန်မာလိုရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)