
၂၄.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့်ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ “Myat Ah Kan Co.Ltd” မှ စားအုန်းဆီလက်လီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊ အလေးအရည် အသွေးပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှုန်းဖြင့် ပိဿာ (၄၄၀) ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)