Main menu

မော်လမြိုင်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့  ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၂.၈.၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးတက်ရောက်ခဲ့ပါသည်။

    ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Professional Engineer ဦးနေမျိုးမောင်က နည်းပညာပိုင်းဆိုင်ရာ များအား ဆွေးနွေးပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ဆွေးနွေးသည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ တက်ရောက်လာသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

     ဆက်လက်၍ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ဘွားက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် Strategic Entrepreneurship For Mon State's Better Future အကြောင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)