Main menu

အ.မ.က (ချောင်းဆုံခြံစု)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

      ၂၅..၂၀၂ ရက်နေ့  နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အ.မ.က (ချောင်းဆုံခြံစု)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချောင်းဆုံမြို့နယ်တာဝန်ခံ ‌ဒေါ်ထက်ထက်နွေဦးက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၉၉) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)