
၂၂.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံသည် စားသုံးသူပြည်သူတစ်ဦးမှ စားသုံးသူထိခိုက်နစ်နာခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းခြင်းအား ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ထိခိုက်နစ်နာမှုများရှိပါက ပြန်လည်ကုစားနိုင်ခြင်း၊ တိုင်ကြားနိုင်ခြင်း အခွင့်အရေးများရှိပါကြောင်း၊ တိုင်ကြားမည်ဆိုပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ Consumer Call Center-1535 သို့ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.doca.gov.mm website မှဖြစ်စေ၊ DOCA Myanmar Mobile Application မှဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ အဆိုပါ တိုင်ကြားမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
DOCA (မွန်)