Main menu

ကျိုက်ထိုမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ခရိုင် တာဝန်ခံ ဦးအောင်ကျော်မင်းနှင့် မြို့နယ်တာဝန်ခံတို့သည် ၂၅.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် အွန်လိုင်းမှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များအား မြို့နယ် တာဝန်ခံရုံးသို့ ဖိတ်ကြား၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

   အဆိုပါ အသိပညာပေး ဆွေးနွေးရာတွင် ကျိုက်ထိုမြို့နယ်ရှိ အွန်လိုင်းမှတ်ပုံတင် ရရှိထား ပြီး လုပ်ငန်းရှင်များဖြစ်သည့် ကျိုက်ထိုမြို့နယ် ကံ့ကော်ရပ်ကွက်ရှိ ဒေါ်ဝင်းယုမွန် လက်ဝတ် ရတနာပစ္စည်းရောင်းဝယ်ရေး၊ ဒေါ်မျိုးပပဇော် အလှကုန်နှင့်အထည်အလိပ်ရောင်းဝယ်ရေး၊ Sweet အလှကုန်ပစ္စည်းနှင့်လူသုံးကုန်ပစ္စည်းများ၊ ဒေါ်နှင်းသူဇာအေး အလှကုန်ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင် (၄) ဦးအား အွန်လိုင်စနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း၊ စီးပွားရေးလုပ်ငန်း ရှင်များ၏တာဝန်များနှင့် မိမိတို့မှတ်ပုံတင်ရရှိထားသည့် ပစ္စည်းများကိုသာ အမှန်တကယ်‌ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)