Main menu

သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီပေပါများရောက်ရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၃.၈.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်ရှိ စားအုန်းဆီလက်လီ ကိုယ်စားလှယ်များထံသို့ ယာဉ်အမှတ် 3N-6995 ယာဉ်မောင်း ဦးမင်းသန့်ကို မော်တော်ယာဉ်ဖြင့် Myat A Kan (၂၁) ပေပါနှင့် ယာဉ်အမှတ် 2TLR -3547 ယာဉ်မောင်း ဦးအောင်ဆန်းမြင့် မော်တော်ယာဉ်ဖြင့် Lwin Maung Maung Co.Ltd မှ (၃၇) ပေပါရောက်ရှိမှု အခြေအနေအား မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ သွားရောက်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို သထုံမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချ ရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ အလေးချိန်ပြည့်မီစေရေး၊ သတ်မှတ်ဗီနိုင်း ချိတ်ဆွဲရောင်းချရန် ပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)