Main menu

သထုံခရိုင်ဦးစီးမှူးသည် သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

Powered by Drupal

    မွန်ပြည်နယ်၊ သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူသည် ၂၂.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ခရိုင်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြီး ဌာနဆိုင်ရာအကြီးအကဲများက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA (မွန်)