Main menu

ဘီးလင်းမြို့နယ်တွင် စားအုန်းဆီများအား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်း

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့မှ စားအုန်းဆီရောင်းချသော ကုမ္ပဏီများ ဖြစ်ကြသည့် Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan ကုမ္ပဏီတို့သည် အပတ်စဉ် ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း လက်လီကိုယ်စားလှယ်တို့မှ တစ်ဆင့်ရောင်းချပေးနေကြောင်း သိရပါသည်။

          ထိုသို့ ရောင်းချပေးလျက်ရှိရာ (၂၃.၈.၂၀၂၅) ရက်နေ့တွင် မြို့နယ်အတွက် ခွဲတမ်းရရှိ သောစားအုန်းဆီ (၄၄) ပေပါအား မြို့နယ်သို့တင်ဆောင်ရောက်ရှိခဲ့ပြီး ထိုနေ့မှစတင်၍ ရပ်ကွက် နှင့် ကျေးရွာများသို့ စားအုန်းဆီရောင်းချရန်အတွက် မြို့နယ်ရှိ သက်ဆိုင်ရာတာဝန်ရှိသူ ဌာန ဆိုင်ရာမှ စားအုန်းဆီရောင်းချပေးမည့် နေရာဒေသများအား အညီအမျှခွဲတမ်းချအစီအစဉ်ဆောင် ရွက်၍ လက်လီကိုယ်စားလှယ်များအား ရောင်းချစေခဲ့ပြီး၊ ထိုသို့ ရောင်းချနေမှုများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ ခွဲတမ်းရစားအုန်း ဆီများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရေး ရောင်းချရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းနှင့် ရောင်းချသူအမည်တို့ ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချခြင်း ရှိ/မရှိတို့ကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှ ကြီးကြပ် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA (မွန်)