Main menu

မြိတ်မြို့၊ မြန်အောင်ရပ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ(၄)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ မြန်အောင်ရပ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ စားသုံးသူကာကွယ် ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူကာကွယ်ရေးအကြောင်း၊ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစား အစာ စားသုံးရာတွင် သတိထားသင့်သောအချက်များနှင့် လက်ရှိတွင် ဖြစ်ပေါ်လျက်ရှိသော ရာသီ ပေါ်ရောဂါများအကြောင်းပြောကြားခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရာယ်ကင်းစေရန် အတွက် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်ဆိုင်များအားစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)