
အိန္ဒိယနိုင်ငံမှ ရေနံသန့်စင်သူများသည် ပြိုင်ဆိုင်မှုစျေးနှုန်းများကြောင့် ယခုလတွင် အမေရိကန်နိုင်ငံမှ သဘာဝရေနံဝယ်ယူမှု အဆင့်မြှင့်တင်တော့မည်ဟု ကုန်သည်များ၏ အရင်းအမြစ်များမှတစ်ဆင့် သိရပါသည်။ အဆိုလှုပ်ရှားမှုသည် အမေရိန်နိုင်ငံနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုများကြားတွင် အိန္ဒိယနိုင်ငံ၏ ကုန်သွယ်မှုလိုငွေကို အထောက်အကူပြုနိုင် ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ ထိပ်သီးရေနံသန့်စင်သည့် ကုမ္ပဏီသည် အမေရိကန်နိုင်ငံမှ ရေနံစည်ပေါင်း ၅ သန်းခန့်ကိုဝယ်ယူခဲ့ပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ရေနံတင် သောထရပ်ကားများဖြင့် စတင်သယ်ယူမည်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ယခုအခါ တွင် ရရှားနိုင်ငံမှ ရေနံတင်သွင်းခြင်းကြောင့် အမေရိကန်နိုင်ငံ၏ အိန္ဒိယနိုင်ငံမှ တင်သွင်းသော ပို့ကုန်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်း ခံရပြီးနောက် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ဥရောပကုန်သည်များဖြစ်သော Gunvor နှင့် Equinor တို့သည် လည်း ရေနံစည်ပေါင်း ၂သန်းခန့် ရောင်းချပေးလျက်ရှိပြီး Mercuria သည်လည်း ရေနံစည်ပေါင်း ၁ သန်းခန့် IOC သို့ရောင်းချပေးနေကြောင်း သိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)