
အာရှဖွံဖြိုးရေးဘဏ် (ADB) မှ ဥဇဘက်ကစ္စတန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၃၃.၁ သန်း ချေးယူရန် ဩဂုတ်လ ၂၈ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က သြဂုတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ စီမံကိန်းသည် ဒေသတွင်း ဆက်သွယ်မှု ပိုမိုကောင်းမွန်စေရန်၊ ခရီးသွားလာမှုအချိန်ကို လျှော့ချရန်နှင့် ဥဇဘက်ကစ္စတန် အနောက်ပိုင်းရှိ လမ်းများဘေးကင်းရေးနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း မနီလာ အခြေစိုက်ဘဏ်က သတင်းထုတ်ပြန်ချက်အရသိရသည်။ "ရာသီဥတုဒဏ်ခံနိုင်သော အခြေခံ အဆောက်အဦးနှင့် ဖွံ့ဖြိုးတိုးတက်သောသယ်ယူပို့ဆောင်ရေးစနစ်များကို ပေါင်းစပ်ခြင်းဖြင့် စီမံကိန်းသည် ရေရှည်တည်တံ့ခိုင်မြဲမှုကို သေချာစေပြီး လူမှုအသိုက်အဝန်းများနှင့် စီးပွားရေးလုပ်ငန်း များအတွက် ပိုမိုဘေးကင်းပြီး ပိုမိုထိရောက်သော အကျိုးသက်ရောက်မှုများဖြစ်ပေါ်နိုင်စေမည် ဖြစ်ကြောင်း ဥဇဘက်ကစ္စတန် ၏ ADB Country Director Kanokpan Lao-Araya မှ ပြောကြား ခဲ့သည်။ ဥဇဘက်ကစ္စတန်သည် ၁၉၉၅ ခုနှစ်တွင် ADB သို့ဝင်ရောက်ခဲ့ပြီးကတည်းက ဘဏ်သည် နိုင်ငံအတွက် စုစုပေါင်းဒေါ်လာ ၁၄.၃ ဘီလီယံခန့်ရှိသော အစိုးရကဏ္ဍချေးငွေများထုတ်ပေးခဲ့ကြောင်း သိရသည်။
Source : Xinhua
DOCA (ရန်ကုန်)