Main menu

FAME ဆေးဝါးစက်ရုံသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဉီးလှစိုး၊ ခရိုင်ဉီးစီးမှူး နှင့်ဝန်ထမ်းများ သည် (၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၂၀)၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ စက်မှုဇုန်(၃)၊ လှိုင်သာယာမြို့နယ်ရှိ FAME ဆေးဝါးစက်ရုံသို့ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းလေ့လာရာတွင် FAME ဆေးဝါးစက်ရုံမှ တာဝန်ခံဒေါက်တာ ဖြိုးဝေအောင် နှင့် တွေ့ဆုံပြီး  ဒေါက်တာဖြိုးဝေအောင်မှ စက်ရုံကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး China၊ India၊ Turkey၊ France နိုင်ငံမှ ကုန်ကြမ်းတင်သွင်းကာ ဆေးဝါးထုတ်ပိုးရာတွင် အသုံးပြုသည့် ကော်ဗူး၊ စက္ကူဗူးများ၊ စက္ကူပုံးများနှင့် အညွှန်းစာရွက်များကို ပြည်တွင်း၌သာ ဝယ်ယူအသုံးပြုကာ ဆေးဝါးထုတ်ရာတွင် အသုံးပြုသည့်ဆေးဝါးကုန်ကြမ်းအများစုအား မိမိတို့၏ ကိုယ်ပိုင်ခြံ၊ ပြင်ဉီးလွင် မြို့ရှိ FAME Organic Pharming Project မှရရှိပြီး အချို့ဆေးဖက်ဝင် အပင်များကို ပြည်တွင်းရှိ စီးပွား ဖြစ်စိုက်ပျိုးသူ တောင်သူများထံမှ ဝယ်ယူအသုံးပြု၍ ဝန်ထမ်းများအား ကျား(၁၇၈)ဉီး၊ မ(၁၇၉)ဉီး စုစုပေါင်း(၃၅၇)ဉီးဖြင့် သဘာဝ Organic ထုတ်ကုန် (၉၈)မျိုး ကုန်ထုတ်လုပ်မှု၏ (၈၀%)အား မြန်မာ ပြည်တစ်နိုင်ငံလုံးသို့ အရောင်းကိုယ်စားလှယ် များမှတစ်ဆင့်လည်းကောင်း၊ ကိုယ်တိုင်သော်လည်း ကောင်း ဖြန့်ဖြူးရောင်းချလျက်ရှိပြီး (၂၀%)အား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)