
(၁.၉.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် တိုက်ကြီးခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တိုက်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင် များ၊ တိုက်ကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူမိဘများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၄၀၀)ဉီးတက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် (၄) ဘာသာနှင့်အောက်ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူ (၁၄၁)ဉီးအား ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးဥက္ကဌမှ ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ တိုက်ကြီးခရိုင်အတွင်း အောင်ချက်ကောင်းမွန် သောကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၁၅) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)