Main menu

မှော်ဘီမြို့နယ်၊ မြို့မဈေးတွင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၂.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသူများအား စားသုံးဆီအမှတ် တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်ပစ္စည်း များကိုသာ ရောင်းချရန် ထုတ်လုပ်သော စီးပွားရေးလုပ်ငန်းရှင်များကိုလည်း စားသုံးသူကာကွယ်  ရေး ဥပဒေပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဌာနဆိုင်ရာအသီးသီးမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)