
(၁.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မှော်ဘီ ခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ဓါတ်မြေဩဇာဈေးနှုန်း နှင့်ရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင် သောအဖွဲ့ များသည် မှော်ဘီမြို့နယ်အတွင်းရှိ တို့မိတ်ဆွေ၊ တောင်သူကြီးဓါတ်မြေဩဇာ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓါတ်မြေဩဇာဆိုင်များတွင် သတ်မှတ်ရည်ညွှန်း ဈေးနှင့်အညီ ရောင်းချလျက် ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)