
၁-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က ပို့ကုန်လိုင်စင်လျှောက်ထားရန် ကျန်ရှိသော ညောင်တုန်း မြို့နယ် ရှိ သရဖူစံဆန်စက် မိုင်တိုင် (၂၀/၁) နှင့် (၂၀/၂) ကြား၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး၊ အမြောင်းကျေးရွာ၊ ဆန်စက်ရှိ ဆန်/ဆန်ကွဲသိုလှောင်ရုံအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဖြစ်သော MITS, MRF, DOCA & DOTအဖွဲ့များ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ITS, MRF, DOCA & DOTအဖွဲ့ များပူးပေါင်း ပါဝင်စစ်ဆေးခဲ့ပြီး သရဖူဆန်စက်တွင် ဆန်/ ဆန်ကွဲအရည်အသွေးများ ကြည်ရှုစစ်ဆေးခြင်း, သိုလှောင်ရုံပမာဏ သတ်မှတ်ချက်များကိုက်ညီမှု ရှိမရှိစစ်ဆေးခြင်း၊ ဆန်ကွဲ သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း၊ ဆန်/ဆန်ကွဲ သိုလှောင်ရုံလုပ်ငန်းခွင်များကို ကြည်ရှု့စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ဩဂုတ်လပို့ကုန် လိုင်စင်သစ်ရှောက်ထားရန် သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်မှုကိုက်ညီမှုရှိစေရေးနှင့် Myro တွင် မှတ်ပုံတင်ထားရှိုမှု အခြေအနေများ၊ သက်တမ်းတိုးဆောင်ရွက်ရန် လုပ်ငန်းအခြေအနေများကိုပါ စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)