Main menu

ပို့ကုန်လိုင်စင်ဝင်ရောက်ရန် လျောက်ထားသော ညောင်တုန်းမြို့နယ်ရှိ ဆန်စက်/သိုလှောင်ရုံအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း

Powered by Drupal

      MITS, MRF, DOCA & DOTအဖွဲ့ များသည် ၃၁.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က ရွှေပြည်ကျော်ဆန်စက် ကွင်း ကလေးကျေးရွာ၊ မိုးဟုပ်ကျေးရွာအုပ်စု၊ ညောင်တုန်းမြို့နယ် ရှိ Shwe Myanmar strength Trading Co.,Ltd ဆန်/ဆန်ကွဲ သိုလှောင်ရုံများအား ပို့ကုန်လိုင်စင် ဝင်ရောက်ရန် လျောက်ထားသော မြေပြင်အချက်အအလက်များနှင့် ကိုက်ညီမှု ရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဩဂုတ်လ ပို့ကုန်လိုင်စင်ဝင်ရောက်ကျန်ရှိသော ရွှေပြည်ကျော်ဆန်စက်အား စစ်ဆေးရေးအဖွဲ့မှ လျှောက်ထားချက် မြေပြင်အချက်အလက်များနှင့် ကိုက်ညီမှု ရှိမရှိ၊ Myanmar Broken Rice 100% B1:2 Sortexed 500 MT ဆန်/ဆန်ကွဲ အရည်အသွေးများကို ကြည်ရှု စစ်ဆေးခြင်း၊ သိုလှောင်ရုံတည်နေရာ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ၊ ဆန်ကွဲသိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း၊ သိုလှောင်ရုံလိုင်စင်များကို ကြည်ရှုစစ်ဆေးခြင်း၊ ဆန်စပါးသိုလှောင်ရုံကို ပိုင်ဆိုင်သူများအနေဖြင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်အညီ အလေးအနက်ထား လိုက်နာဆောင်ရွက်စေ ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)