Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး e- government ဆောင်ရွက်မှုကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ စက်တင်ဘာလ (၂)ရက်နေ့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများတွင် e- government လုပ်ငန်းဆောင်ရွက်မှုများနှင့်အသုံးပြုလျက်ရှိသော ဆိုက်ဘာ တိုက်ခိုက်မှုမဖြစ်စေရေး ၊လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအတွက် တိုင်းဆက်သွယ်ရေးဦးစီးဌာန၊ ခရိုင်ထွေအုပ်၊ခရိုင်ရဲ ၊နည်းပညာတက္ကသိုလ်၊ စက်မှုနည်းပညာအထက်တန်းကျောင်းအုပ်၊ပုသိမ်ကွန်ပျူတာတက္ကသိုလ်နှင့် ဒုတိယပါမောက္ခချုပ်အဖွဲ့ခေါင်းဆောင် အဖြစ်ပါဝင်သည့်ပုသိမ်ခရိုင် စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများ စားသုံးသူရေးရာဦးစီးဌာနရုံးသို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်းသည် ဌာနအလိုက်တာဝန်ပေးအပ်ထားသော ဝန်ထမ်းများနှင့်အတူ တိုင်းဒေသကြီး e- government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ စစ်ဆေးရေးအဖွဲ့အား ဌာနမှ ဆောင်ရွက်ထားရှိမှုများနှင့် ဆိုက်ဘာတိုက်ခိုက်မှုမပြတ်စေရေး လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး အခြေအနေများအား ရှင်းလင်းတင်ပြကြောင်း သိရသည်။

 

(DOCA ဧရာဝတီ)