
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျင်းပပြုလုပ်သော စားသုံးဆီဖြန့်ဖြူးခြင်း၊ ကြီးကြပ် ဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်း ဒေသကြီးစားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဆွေးနွေးခြင်း၊ တက်ရောက်လာ ကြသူများမှ အထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)