
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့၊ ၁၆း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးအား ဆန်စပါးသိုလှောင်ရုံမှတ်ပုံ တင်ကိစ္စနှင့်စပ်လျဥ်း၍ ဆန်လုပ်ငန်းရှင်မှလာရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ MyRo တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံ တင်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် အချက်များ၊ လိုအပ်သည့် အချက်အလက်များ၊ လျှောက်ထားပြီးရာတွင် သိုလှောင်ရုံလုပ်ငန်းစဥ်တွင် ဖြည့်သွင်းရမည့်အချက် များနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)