Main menu

ပို့ကုန်/သွင်းကုန် လိုင်စင်အသစ်လျှောက်ထားလာသော ကုမ္ပဏီအားစစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားလာသော တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်မြို့ရှိ Hein Htet Nyi Nyi Co,Ltdမှ တာဝန်ရှိသူများအား ကုမ္ပဏီနှင့်သက်ဆိုင်သည့် အချက်အလက်များနှင့်စပ်လျဥ်း၍ စစ် ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော Hein Htet Nyi Nyi Co,Ltd ၏ ကုမ္ပဏီ တည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်းလိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ် ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များ နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)