Main menu

ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း

Powered by Drupal

            ၂၁.၈.၂၀၂၅ ရက်နေ့တွင် နံနက်(၁၀:၀၀) နာရီအချိန်တွင် လှိုင်မြို့နယ် လှိုင်သာယာဈေးနှင့် ကမာရွတ်မြို့နယ် လှည်းတန်းဈေးတို့တွင် ရောင်းချလျက်ရှိသော ငရုတ်ဆီအမျိုးမျိုးနှင့် အချဉ်ရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန်(ဒု-ကြီးကြပ်ရေးမှူး) မှဦးဆောင်၍ ဝန်ထမ်း(၁) ဦးနှင့်အတူ ဈေးတာဝန်ခံတို့မှ ပူးပေါင်း၍ ပါဝင်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းဈေးများတွင် ရောင်းချနေသော ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတို့တွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ၎င်းကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာ ပါဝင်မှုရှိကြောင်း သိရှိရပါ သည်။ ဒေါ်မြတ်မွန်(ဒု-ကြီးကြပ်ရေးမှူး)မှ ၎င်းတို့ဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်အမျိုးမျိုးတို့တွင် စားသုံးသူများအန္တရာယ်မရှိစေရန် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တန်းကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှု ဓာတ်မတည့်ကြောင်းဖော်ပြချက် ပါဝင်ပစ္စည်းစသည့် ကုန်ညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းထားသည့် စားသောက်ကုန်များသာ ရောင်းချရန်လိုအပ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)