
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက်(၂၂.၈.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရခြင်းသည် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍ အားလုံး အတွက် အရေးကြီးဆုံးအစိတ် အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မီ သော အင်တာနက်ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ ၏နေ့စဉ် လူမူဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်နှင့် ဆက်သွယ်ရေးကုမ္ပဏီများက ပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှု များနှင့်ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံ မှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင် အသိပေးဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ မိတ်ဖက်ဌာန ဆိုင်ရာများနှင့်ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရခြင်းဖြစ်ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းအဖွဲ့သည် ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းရှင်များအား မိမိတို့ဝန်ဆောင်မှုပေးသော လုပ်ငန်းများတွင် မိမိတို့ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အင်တာနက် လိုင်းများ မကြာခဏပြတ်တောက်ခြင်း၊ သက်ဆိုင်ရာကုမ္ပဏီများသို့ အကြိမ်ကြိမ် ဆက်သွယ် ပြောဆိုသော်လည်း စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်းတို့ကြောင့် တိုင်ကြားမှုများအား အများ ဆုံးလက်ခံရရှိသည့်အတွက် သုံးစွဲသူများအား လုံလောက်သည့် သတင်းအချက်အလက်များကိုအသိပေးဖော်ပြစေရန် လိုအပ်ကြောင်း၊ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေးဆောင်ရွက်ခြင်းတို့ကိုတွေ့ရှိရခြင်းကြောင့် စားသုံးသူများ၏ နေ့စဉ်ကိစ္စရပ်များ အဆင်ပြေချောမွေ့ပြီး အခွင့်အရေးကို ပြည့်ဝစွာရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)