Main menu

ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ( ၂၅ )ရက်၊ (၁၄:၀၀)အချိန်တွင် လွိုင်ကော်မြို့၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)သို့သွားရောက်၍ဆက်သွယ် ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)နှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍စစ်ဆေးရာတွင် ဆက်သွယ်ရေးလုပ်ငန်း(MPT) အနေဖြင့် အင်တာနက်ဝန်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား အသုံးပြုသည့် စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် အမှန်တကယ်အသုံးပြုသူများအား မျှတ၍ပွင့်လင်းမြင်သာမှုရှိသော အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များအားသတ်မှတ်ပေးရန်၊ ဝန်ဆောင်ခနှုန်းထားများနှင့် ဝန် ဆောင်မှု အရည်အသွေးတို့ပါဝင်သော ဝန်ဆောင်မှုအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက် များကိုထုတ်ပြန်ထားရန်၊ အမှန်တကယ်အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် သတင်းအချက်အလက်လုံခြုံရေးတို့ကို ကာကွယ်ပေးမည့်အစီအစဉ်များအား စာဖြင့်ရေးသားဖော်ပြ ထားရန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုများအား ဝယ်ယူအသုံးပြုကြသည့် စားသုံးသူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan) များနှင့် ဝန်ဆောင်ခနှုန်း ထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေးဖော်ပြထားရန်၊ ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုများရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထားများအား မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုကို ကြော်ငြာရာတွင် ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်း (Terms and Conditions)များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန်၊ စားသုံးသူများက ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ပိုမိုသေချာစေရေးအတွက် Double Confirmation ပြုလုပ်၍ ဝယ်ယူနိုင်စေရန်၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်ရန် စီစဉ်ထားရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)