Main menu

ကယားပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်းများအသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅  ခုနှစ်၊  ဩဂုတ်လ( ၂၆ ) ရက်နေ့၊ ညနေ(၁၅:၀၀)နာရီတွင် ရွှေတောင်ဆီအရောင်းဆိုင်၌ ကယားပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်မျာအသင်း နှင့်တွေ့ဆုံဆွေနွေးမှု  ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူးက  စားအုန်းဆီအရောင်းဆိုင်များအနေဖြင့်စားအုန်းဆီများအားသတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်ပမာဏ၊ သတ်မှတ်ဈေးနှုန်းအတိုင်း အလေးချိန်ပြည့်မီစွာဖြင့် ပြည်သူလူထုလက်ဝယ် အရောက် ရောင်းချသွားရန်လိုအပ်ကြောင်း၊ မလိုလားအပ်သောနေရာများသို့ မရောင်းချမိစေရန် သတိပြုရောင်းချစေလိုပါကြောင်း၊ အရောင်းဆိုင်များအနေဖြင့် ပြည်နယ်စားအုန်းဆီ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ လာရောက်စစ်ဆေးရာတွင် စားအုန်းဆီများ ရောင်းချပြီးစီးမှုနှင့် လက်ကျန်စာရင်းများ ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အပြန်အလှန်ဆွေးနွေးကာ တွေ့ဆုံဆွေးနွေးပွဲအား ညနေ(၁၆:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)