Main menu

ကန့်ဘလူမြို့၌ အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ သင်တန်းသားတစ်ဦးဆုရရှိ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အမျိုးသမီးနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းကို ဩဂုတ် လ(၁၉မှ ၂၁ထိ) အဆိုပါရုံး ခန်းမ၌ကျင်းပခဲ့သည်။ အဆိုပါသင်တန်းသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ အမျိုးသမီးဝန်ထမ်း သင်တန်းသား(၁၆)ဦးတက်ရောက်ပြီး၊ ပြန်လည်ဆန်းစစ်ခြင်း မေးခွန်းဖြေဆိုရာတွင် ရမှတ်အများဆုံးရရှိသူ(၅)ဦး ရွေးချယ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးက ဆုရရှိခဲ့ကြောင်း သိရသည်။

         သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကတော့ အမျိုးသမီးများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့စီးပွားရေးနယ်ပယ်တွေသာမှာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွေမှာလည်း အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းကောင်းမွန်တဲ့ ကမ္ဘာမြေကို မျိုးဆက်သစ်များဆီ လက်ဆင့်ကမ်းနိုင်သော အမွေအနှစ်များ ပေးစွမ်းနိုင်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်”ဟု ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးညီညီစိုးက‌ ပြောသည်။ ဆက်လက်၍ သင်တန်းဆရာ/ ဆရာမများက အမျိုးသမီးနှင့် အိမ်တွင်းလေထုညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ရာသီဥတုနှင့်လိုက်လျောညီထွေနေထိုင်ခြင်း၊ ရေချွေတာသုံးစွဲရေးနှင့် ပလပ်စတစ်လျှော့ချသုံးစွဲခြင်းအကြောင်း စသည်တို့ကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)