Main menu

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ဆန်/ဆန်ကွဲ ဈေးနှုန်း တည်ငြိမ်လျက်ရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဆန်မျိုးစုံ ရောင်းဝယ်မှု ကဏ္ဍတွင် ကုန်ကြမ်း အနည်း အများ၊ ရန်ကုန်ဝယ်ယူမှု နှင့် သုံးစွဲမှုတို့၏ ဝယ်လိုအားအများပေါ် မူတည်၍ ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ဈေး ဩဂုတ်လ နောက်ဆုံးပါတ်တွင် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

    ညောင်တုန်းဒေသထွက် စပါးများကို အဆင့်မြင့်ဆန်စက်ကြီးများဖြင့် ကြိတ်ခွဲ၍ ဒေသတွင်း စားသုံးမှု ဖူလုံသည်အပြင် ရန်ကုန်သို့ တင်ပိုလျက်ရှိကြောင်း သိရသည်။ ဈေးကွက်အခြေအနေအရ ဆန်ဈေးများမှာ တစ်ဆိုင်နှင့်တစ်ဆိုင် မတူညီဘဲ အနည်းငယ်ကျနေသည်။ ဆင်းသုခ ၁အိတ် ၇၀၀၀၀ကျပ်၊  GW-11 ၁အိတ် ၆၅၀၀၀ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်  ၄၈၀၀၀၀ကျပ်၊ ဆန်ကွဲ B(1,3,4) တစ်အိတ် ၄၂၀၀၀ကျပ်၊ ဖွဲနု တစ်အိတ် ၂၂၆၀၀ ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်း တည်ငြိမ်၍ အနည်းငယ်ကျဆင်းလျက်ရှိသည်။

     ယခင် လနှိုင်း ယှဉ်ချက်အရ ဆင်းသုခ  ၃၀၀၀ကျပ် ကျဆင်း၊ GW-11 ၄၀၀၀ကျပ် ကျဆင်း ဆန်ကွဲ ၃၀၀၀-၂၀၀၀ ကျပ်ကျဆင်း၊ ဖွဲနု ၁၅၀၀ကျပ် ကျဆင်းကြောင်း လေ့လာတွေ့ရှိရသည်။ ဈေးနှုန်း တည်ငြိမ်ကျ ဆင်းရခြင်မှာ ဒေသတွင်း စားသုံးမှု ဖူလုံပြီး  စပါးဆန် အရောင်းအဝယ်အေးလျက်ရှိခြင်းကြောင့် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)