Main menu

ပန်းတနော်မြို့နယ်အတွင်း ရှိ ကျန်းမာရေးသုံး ဆေးဝါးအမျိုးမျိုးနှင့် တိုင်ရင်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ကျန်းမာရေးဝန်ကြီးဌာနနှင့်  စားသုံးသူရေးရာဦးစီးဌာနတို့သည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော ကျန်းမာရေးသုံးဆေးအမျိုးမျိုးနှင့် တိုင်းရင်းဆေးဝါး များကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။

     ၂၂-၈-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့သည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူ ပန်းတနော်မြို့နယ်အတွင်း ဆေးဆိုင်(၈)ဆိုင်တွင် ရောင်းချနေသော ဆေးအမျိုးမျိုးနှင့် တိုင်းရင်းဆေးများကို စစ်ဆေးခဲ့ရာ ဆေးရောင်းချခွင့် လိုင်စင်သက်တမ်းကို ကြည့်ရှု့စစ်ဆေးခြင်း ဈေးကွက်အတွင်း ၂၀၂၅ခုနှစ် တားမြစ်ဆေးဝါးများ ရောင်းချခြင်း ရှိမရှိကို စစ်ဆေးခြင်း၊ ဈေးများတွင် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ကုန်စည်အုပ်စု(င) ကုန်အညွန်းအမှတ်အသား ပါဝင်မှုအား စစ်ဆေးခြင်း၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှု ရှိမရှိစစ်ဆေးခြင်း မှတ်ပုံတင်ပါရှိသော်လည်း မှတ်ပုံတင်စဉ် ဖော်ပြထားသည့် ဖော်စပ်နည်းနှင့်အညီ ထုတ်လုပ်ခြင်း စံမညီဆေးဝါးများ၊  တိုင်းရင်းဆေးများ သတ်မှတ်ချက် နှင့်အညီ ထုတ်လုပ်ကုန်စည်များ ဟုတ်/မဟုတ်ကို စစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ဆေးများပြတ်လပ်မှု ရှိမရှိနှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်စေရေးကိုလစဉ် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ပန်းတနော်မြို့နယ်အတွင်း သတ်မှတ်ချက်များအတိုင်း ရောင်းချနေကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရပါသည်။

DOCA(ဧရာဝတီ)