
မအူပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး Talk Show ကို (၂၀-၈-၂၀၂၅) နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဦးက စားသုံးသူ ရေးရာ အကာကွယ်ပေးရေးနှင့် စားသုံးသူ များ၏ အခွင့်အရေးဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးရာတွင် စားသုံးသူများအနေဖြင့် ကုန်စည်စီးနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဝယ်ယူစားသုံးရာတွင် နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် စားသုံးသူတွေရပိုင်ခွင့်နှင့် အခွင့်အရေးများကို အပြည့်အဝရရှိစေရေးကို တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး (Consumer-Call Center) ကို ဖွင့်လှစ်ထား လျက်ရှိပြီး တိုင်ကြားလာပါက စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် အညီ လက်ခံကာ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့ရဲ့ကုန်စည်ကို တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ကုန် အမှတ်အညွှန်းနှင့် ကိုက်ညီစေဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
DOCA(ဧရာဝတီ)