
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သော စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးက စားသုံးသူကာကွယ်ရေးသိကောင်း စရာအကြောင်းကို ၂၀၂၅ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က ဌာနဆိုင်ရာ(၁၈)ဦးအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ၊ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားဖို့ချခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ ပြဌာန်ချက်နှင့်၊ ပြင်ဆင်ရေးဆွဲအတည်ပြုပြဌာန်း ခဲ့ပုံအဆင့်ဆင့်ကိုလည်းကောင်း၊ ဦးစီးဌာန ၏ ဥပဒေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများကို အမိန့်၊ ညွှန်ကြားချက် ထုတ်ပြန် မှုများ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ ခန့်အပ်ခြင်း တာဝန်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့် အရေးထိခိုက်နစ်နာပါက တိုင်ကြားနိုင်သည့် နည်းလမ်း ၇မျိုးအကြောင်း ကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေများအကြောင်း၊ အွန်လိုင်းမှတ်ပုံ တင်လုပ်ငန်း ဆောင်ရွက်ခြင်းအကြောင်း၊ ဥပဒေ၏ တားမြစ်ချက်၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းအသိပညာပေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)