
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် ဒေးဒရဲမြို့ ကမ်းနားလမ်းရှိ၊ မိဘမေတ္တာဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်/စပါး အရည်အသွေးနှင့် ဈေးနှုန်း၊ဈေးကွက်အခြေအနေ၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုနှင့် ခေတ်မီစက်ကိရိယာများ တပ်ဆင်မှု အခြေအနေ၊ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကိုလည်းကောင်း၊ မေးမြန်းဆွေးနွေးခြင်း၊ ဆန်စက်လုပ်သားများ လုပ်ခလစာပေးအပ်မှုနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်မှုရှိကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲ လုပ်ငန်း လည်ပတ်လျက် ်ရှိကြောင်း တို့ကို ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
(Doca ဧရာဝတီ)