Main menu

ဘိုကလေးမြို့ အင်တာနက် ဝန်ဆောင်မှုများအား ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

     ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် မြို့မ(၁) ရပ်ကွက် ၊ အမှတ်(၁၄)၊ ဗိုလ်ဗထူးလမ်းရှိ CHINLAND NETWORK အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်မှုတွင် မြို့နယ်တာဝန်ခံမှ CHINLAND NETWORK တာဝန်ခံ ဦးဗန်အုပ်မန်းအား ဝန်ဆောင်မှု ကဏ္ဍများအကြောင်း ပြောကြားခဲ့ပါသည်။ ပြည်သူသုံးစွဲမှုမှ တစ်လလျှင် 23 Mbps ကို (၃၇၀၀၀) ကျပ်၊ 28 Mbps ကို (၄၀၅၀၀) ကျပ် နှင့် 34 Mbps လျှင် (၄၈၅၀၀) ကျပ် တို့အား လစဉ်ပေးဆောင်ရသည်။ ဝန်ဆောင်မှုအနေဖြင့် စက်ဖိုး၊ကြိုးဖိုး၊ အင်တာနက်တပ်ဆင်ကြေး အားလုံးအခမဲ့ တပ်ဆင်ပြီး ဘိုကလေးမြို့နယ်အနေဖြင့် အလုံး(၅၀၀) တပ်ဆင်ထားကြောင်းသိရသည်။ လုပ်သား(၇) ဦးရှိပြီး ဝန်ဆောင်မှုကဏ္ဍ အနေဖြင့် စက်ပျက်စီး၊ လိုင်းပြတ်တောက်၊ ချို့ယွင်းမှုရှိပါက ဖုန်းဆက်လျှင် ချက်ချင်းသွားရောက်ဆောင်ရွက်ပေးကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)