Main menu

ဖျာပုံမြို့(၁၇)ရပ်ကွက်ရှိ၊ ပြည်သူများထံဈေးနှုန်းချိုသာစွာဖြင့်အခြေခံစားသောက်ကုန်များရောင်းချပေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊နံနက်(၈:၀၀) နာရီအချိန်တွင် ဖျာပုံမြို့(၁၈)ရပ်ကွက်ဈေးအနီးတွင်  အခြေခံစားသောက်ကုန်များကိုဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ပါသည်။

     အဆိုပါ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချရာတွင် ဝက်သား(၂၀)သား တစ်ထုပ်လျှင်(၄၇၀ဝိ/-)ကျပ်၊အမဲသား(၂၀)သားတစ်ထုပ်လျှင်(၃၉၀ဝိ/)၊ကျပ်နှင့် စားသုံးဆီတစ်ဗူးလျှင် ( ၃၄၇၅/- )ကျပ်ဖြင့် သက်သာဈေးနှုန်းဖြင့်ရောင်းချပေးသောကြောင့် စားသုံးသူပြည်သူများဝယ်ယူမှု  များခဲ့ကြောင်း၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေး မှုးနှင့်တာဝန်ရှိသူများမှ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)