Main menu

ဖျာပုံခရိုင် ဖျာပုံမြို့နယ်ရှိ မြို့မဈေးကြီးအတွင်း ကုန်အမျိုးစုံအရောင်းဆိုင်များအားဈေးကွက် စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ (၂၀-၈-၂၀၂၅)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်အတွင်း ရောင်းချလျှက်ရှိသောကုန်စည်များကို စားသုံးသူများဘေးအန္တရာယ်မရှိစေရန် စောင့်ကြည့်စစ်ဆေးခြင်း၊ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆိုင်ပိုင်ရှင်များအား မြန်မာဘာသာဖြင့် ဖော်ပြထားမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊စားသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)