Main menu

ထားဝယ်မြို့တွင် အွန်လိုင်းစနစ်မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့၊နေ့လယ်  (၁၂း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာ ဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အွန်လိုင်း ရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့၊ ကမ်းနားလမ်း၊ တလိုင်းထိန်ရပ်ရှိ KAY ဖန်စီနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်အား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)