Main menu

ညောင်ဦးမြို့ရှိ မြေပဲဆုံဆီ လုပ်ငန်းများသို့ကွင်းဆင်း၍ ကုန်စည်နမူနာ ကောက်ယူခြင်းများဆောင်ရွက်

Powered by Drupal

          ပြည်တွင်းပြည်ပထုတ်လုပ်မှုကုန်စည်များ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ ဘေးအန္တရာယ်ရှိ/ မရှိကို ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးအခြေအနေများ၌လည်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အာမခံချက်ရှိပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်းပေး၍ ပြင်တွင်းကုန်စည် ထုတ်လုပ်မှုများ တိုးတက်ကောင်းမွန်လာပြီး ပြင်းတွင်းဈေးကွက်မှတဆင့် ပြည်ပဈေးကွက်သို့တိုင်အောင် ထိုးဖောက်၍ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုအားကောင်းလာပြီး နိုင်ငံခြားငွေရရှိစေနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသလို မိမိတို့၏ကိုယ်ပိုင်စီးပွားရေးများလည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်ပါသဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များသည် စားသုံးသူအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ကျေနပ်မှုရှိစေရေး၊ မှန်ကန်မှုရှိစွာထုတ်လုပ် ရောင်းချမှုရှိစေရေးအတွက် ညောင်ဦးမြို့နယ်အတွင်းရှိ ဆုံဆီထုတ်လုပ်မှုများအား မြေပြင်ကွင်းဆင်း၍ ထုတ်လုပ်မှုကုန်စည်ဖြစ်သော ဆုံဆီများအား စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ရှိ/ မရှိနှင့် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချနိုင်ရေး ကုန်စည်နမူနာများကောက်ယူခြင်းများကို ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)