
၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၆ ရက်နေ့၊နေ့လယ် (၁၃း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှ ဒေသတွင်းအမျိုးအစားညံ့ ငစိန်ဆန်များအား တိရစ္ဆာန်အစာအဖြစ် အခြားဒေသသို့ တင်ပို့နိုင်ရေးကိစ္စ၊ ဆန်စက်များလည်ပတ်ရာတွင် လိုအပ်သော စက်သုံးဆီများရရှိရေးကိစ္စရပ်များအား လာရောက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)