
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ စားသုံးသူရေးရာ ဦးစီးဌာန လက်ပံတန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် လက်ပံတန်းမြို့နယ်တွင် ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်း မဟုတ်သော ဈေးကစားလို သည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ် စေရေးအတွက် လက်ပံတန်းမြို့နယ် အတွင်းရှိ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များ ၊ သိုလှောင်ရုံများ ၊ ဆန်စက်များသို့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၂၁.၈.၂၀၂၅) ရက်နေ့ တွင် မြို့မရပ်ကွက် ၊ လမ်းမတော်လမ်းရှိ ဦးဝင်းလှိုင်ဆန်ဆိုင် နှင့် (၁)လမ်းထောင့် ခိုင်ဆန်ဆိုင်နှင့် အခြားဆန်ဆိုင်များကိုလည်း သွားရောက် စစ်ဆေးခဲ့ရာ မနောသုခ ဆန် (၂၄)ပြည် တစ်အိတ်လျှင် ၅၅၀၀၀ ကျပ်၊ ၆၀၀၀၀ကျပ် ၊၆၅၀၀၀ ကျပ်ဖြင့် ဆန်အမျိုးအစား အလိုက်ဈေးနှုန်း သတ်မှတ်၍ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(ပဲခူး)