Main menu

၂၀၂၅ ခုနှစ်ဇူလိုင်လတွင် နိုင်ငံခြားခရီးသွားစံချိန်တင်ရရှိခဲ့သည့် ဘာလီ

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံဘာလီစာရင်းအင်းရုံး (BPS) က နိုင်ငံခြားခရီးသွားလာ‌ရောက်လည်ပတ်မှု ဆက်လက်မြင့်တက်နေပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ၂၀၂၅ ခုနှစ်အတွက် အမြင့်ဆုံးလည်ပတ်မှု အရေအတွက် ရရှိခဲ့ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ဇူလိုင်လတွင် စုစုပေါင်းနိုင်ငံတကာလည်ပတ်သူ ၆၉၇၁၀၇ ဦးရရှိခဲ့ပြီး ဇွန်လကထက် ၉.၂၉ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ဇွန်လတွင်လည်း စံချိန်တင်လည်ပတ်သူ ၆၀၂၂၁၃ ဦးရှိခဲ့ပြီး ကျွန်းသို့ နိုင်ငံတကာခရီးသွားလာရောက်လည်ပတ်မှု တည်ငြိမ်စွာ မြင့်တက်‌နေကြောင်း သိရပါသည်။ BPS ဘာလီ၏ အများပြည်သူဆက်ဆံရေးအသင်း၏အကြီးအကဲ Ari Kurnianto က ဇူလိုင်လတွင် ပင်လယ်မှ လာရောက်လည်ပတ်မှုကျဆင်းခဲ့သော်လည်း လေကြောင်းမှလာရောက်လည်ပတ်မှုမှာ ၉.၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ BPS က ထိုသို့မြင့်တက်လာမှုသည် ဩစတေးလျ၏ ဆောင်းရာသီကျောင်းအားလပ်ရက်နှင့် ဥရောပတွင်အပူလှိုင်းသတိပေးချက် အစရှိသည့် များစွာသော ရာသီဥတုဆိုင်ရာ အကြောင်းအရာများက တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်နေကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ နိုင်ငံအားဖြင့်ဆိုပါက ဇူလိုင်လတွင် ဩစတေးလျခရီးသွား လာရောက်လည်ပတ်မှုက ၁၆၁၀၅၁ ဦးဖြင့် ဦးဆောင်ခဲ့ပြီး ၎င်း၏နောက်တွင် တရုတ်က ၅၉၆၅၁ ဦး၊ အိန္ဒိယက ၄၅၂၈၈ ဦး၊ ပြင်သစ်က ၃၈၄၆၀ ဦးနှင့်‌တောင်ကိုရီးယားက ၃၈၂၇၅ ဦးတို့ဖြင့် အသီး သီးရပ်တည်နေကြောင်း သိရပါသည်။ ထိုပမာဏထဲတွင် ပြင်သစ်ခရီးသွားလာရောက်လည်ပတ်မှု က ဇွန်လထက် ၆၀.၇၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ ဇူလိုင်လထိဆိုပါက ဘာလီသို့နိုင်ငံခြားခရီးသွားလာရောက်လည်ပတ်မှုမှာ ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၁၂.၄၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။

Antara News          

DOCA (ရန်ကုန်)