
ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)၊ အကောက် ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက်၍ ၁-၉-၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းဖြစ်သော ယုဇနဆိပ်ကမ်း(ရန်ကုန်)မှ ကော့သောင်းသို့ထွက်ခွာမည် ရေယာဉ်များတွင် တင်ဆောင်ထားသော ကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းမရှိပါကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)