
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ဆန်လိုအပ်မှုအတွက် မြိတ်ခရိုင်ဆန်ကုန်သည် နှင့်ဆန်လုပ်ငန်းရှင်များအသင်းသည် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်များမှာယူလျက်ရှိပြီး (၉.၈.၂၀၂၅) ရက်နေ့တွင် အမ်ဗွီစန္ဒီ(၁)ရေယာဉ်ဖြင့် ဆန်တန်(၃၅၀)၊ အိတ်ရေ(၇၀၀၀)သည် မြိတ်မြို့သို့ တွင် သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဆန်အိတ်သယ်ဆောင်လာသောရေယာဉ်သည် (၂၂.၈.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ပြီဖြစ်သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)